Wellbeing

DULWICH COLLEGE INTERNATIONAL ၏ Wellbeing  မူဘောင်

Wellbeing သည် အဖွဲ့ဝင်တိုင်း အောင်မြင်ဆောင်ရွက်နိုင်စေသော ကျောင်းတစ်ခုလုံး၏ ယဉ်ကျေးမှုအလေ့အထတစ်ရပ် ဖြစ်သည်။ Wellbeing အား ပိုမိုကောင်းမွန်စေသော အရည်အချင်းများနှင့် ပင်ကိုယ်စရိုက် ကြံ့ခိုင်မှု တိုးတက်စေခြင်းတွင် ကျွန်ုပ်တို့၏အဓိကရည်မှန်းချက်သည် အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်များရှိသော ပိုမိုကျယ်ပြန်သည့် အဖွဲ့အစည်းထံသို့ ကူညီပါဝင် ဆောင်ရွက်ရန်ဖြစ်သည်။

ဘဝနှင့် အလုပ်တွင် စိတ်ကျေနပ်ကာ အောင်မြင်၍ ဆုံးဖြတ်ချက်ခိုင်မာစေရန် ကျွန်ုပ်တို့သည် ကျောင်းများတွင် ထည့်သွင်းထားသော ပင်ကိုယ်စရိုက် ကြံ့ခိုင်မှုနှင့် အရည်အချင်းများကို ကျယ်ကျယ်ပြန့်ပြန့် တိုးတက်စေရန် လိုအပ်သည်မှာ သေချာရှင်းလင်းမှုရှိပါသည်။ အောက်ပါ Dulwich College International မူဘောင်သည် ဖွံ့ဖြိုးတိုးတက်မှု အသက်အရွယ်တိုင်း အဆင့်တိုင်း၌ ကျောင်းများတွင် သင်ကြားပြသပေးသော သင်ရိုးညွှန်းတမ်းနှင့် တွဲဘက်သင်ကြားမှုအစီအစဉ်များမှတဆင့် ဆက်စပ်ထားသော Wellbeing လုပ်ငန်းစဉ်၏ လိုအပ်ချက်အမျိုးမျိုးတို့ကို ဆောင်ရွက်ရန် အကောင်းဆုံးသောနည်းလမ်းများကို ပံ့ပိုးပေးပါသည်။ Dulwich College International သည် ဤရည်ရွယ်ချက်နှင့် ဘာသာစကားအတွက် သင်ကြားလေ့လာခြင်း မူဘော (ATL) သို့ IB ချဉ်းကပ်နည်းလမ်းကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ထားခဲ့ပါသည်။ ယင်းရည်ရွယ်ချက်နှင့် ဘာသာစကားတို့ကို ကျွန်ုပ်တို့၏ ကိုယ်ပိုင်အထူးဘာသာရပ်များတွင် ရှေ့ဆက်တိုးတက်စေလျက် ပြုပြင်ပြောင်းလဲနိုင်ပါသည်။ ထို့အပြင် ပင်ကိုယ်စရိုက်ကြံ့ခိုင်မှုနှင် အရည်အချင်းများ၏ အကြောင်းအရာများ၊ ဆောင်ရွက်မှုများနှင့် ဖော်ပြချက်များသည် ကျွန်ုပ်တို့အဖွဲ့အစည်း၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိခြင်းအား သေချာစေရန် ပုံမှန် ပြန်လည်၍ ဆောင်ရွက်နိုင်ပါသည်။

အောက်ဖော်ပြပါ မူဘောင်ဖြင့် အထောက်အပံ့ပြုထားသော တစ်ဦးချင်း၏ တိုးတက်မှု၊ အရည်အချင်းနှင့် စိတ်ပါဝင်စားမှု နယ်ပယ်များအားလုံးကို အာရုံစိုက်သော ဘက်စုံပေါင်းစည်းထားသော ပံ့ပိုးမှုနည်းစနစ်တစ်ခုလုံးဖြင့် ကျောင်းသားများနှင့် မိသားစုများကို ပံ့ပိုးထောက်ပံ့ပေးခြင်းဖြင့် ကျွန်ုပ်တို့၏ ကျောင်းသားများကို ဝန်ထမ်းများအားလုံးက နှစ်ဦးနှစ်ဖက် ဂရုစိုက်စောင့်ရှောက်သော အထောက်အကူပြု ပတ်ဝန်းကျင်တစ်ခုကို ပံ့ပိုးပေးထားပါသည်။

ကိုယ်ကျင့်စရိုက်ကြံ့ခိုင်မှု