နောက်သို့

ကောင်းမွန်သောရလဒ်များ

IGCSE နှင့် A-Levels အတန်းများအတွက် ထူးချွန်ပြောင်မြောက်သော ရလဒ်များကိုထွက်ပေါ်စေခဲ့သော နောက်ထပ် စာသင်နှစ်တစ်နှစ်အတွက် Dulwich College International မှ ကျွန်ုပ်တို့၏ ကျောင်းသားကျောင်းသူများအား ချီးကျူးဂုဏ်ပြုအပ်ပါသည်။ ဘေဂျင်း၊ ဆိုးလ်၊ ရှန်ဟိုင်း၊ စင်င်္ကာပူ နှင့် စူးကျိုးရှိ Dulwich Colleges များမှ ကျောင်းသားကျောင်းသူများသာမက စူးကျိုး နှင့် ကျူးဟိုင်ရှိ Dulwich International High Schools များမှကျောင်းသားကျောင်းသူများပါ IGCSE စာမေးပွဲများကို ဖြေဆိုခဲ့ကြပါသည်။ ကျောင်းများ ကွန်ရက်တစ်ခုလုံးတွင် ရရှိခဲ့ကြသော အဆင့်များအားလုံး၏ ၆၅% သည် A*/A နှင့် ၉၆%သည် A*-C များဖြစ်ကြောင်း ဝမ်းမြောက်စွာကြေညာအပ်ပါသည်။ ရလဒ်အားလုံးများအနက်မှ မန်ဒရင်း ဘာသာစကားကိုလေ့လာနေသော ကျောင်းသားကျောင်းသူများ၏ ၇၇% သည် A*/A ကို ရရှိခဲ့ကြသည်။

ကျူးဟိုင် နှင့် စူးကျိုး ရှိ International High Schools များမှ ကျောင်းသားကျောင်းသူများသည် ဘာသာရပ် အတော်များများကို A-levels များဖြင့် ပြီးမြောက်အောင်မြင်ထားကြသည်။ ကျောင်းနှစ်ကျောင်း စလုံးတွင် ရရှိခဲ့သောအဆင့်အားလုံး၏ ၄၈%  သည် A* သို့မဟုတ် A ဖြစ်ပြီး ၇၀% ကျော်သည် A*-B ဖြစ်ကြသည်။

Dulwich College International ကျောင်းများကွန်ယက်တွင် အံသြဖွယ်ရလဒ်များနှင့်နောက်ထပ် နှစ်တစ်နှစ် ကိုဆောင်ကြဉ်းပေးသော အားသွန်ခွန်စိုက်ကြိုးစားပြီး စိတ်ဓာတ်ခိုင်မာသော ကျွန်ုပ်တို့၏ ကျောင်းသားကျောင်းသူများ နှင့်အတူ ကျွန်ုပ်တို့၏၀န်ထမ်းများနှင့် မိဘအုပ်ထိန်းသူများအတွက်လည်း မယုံကြည်နိုင်လောက်အောင် ဂုဏ်ယူဝမ်းမြောက်လျက်ရှိပါသည်။