နောက်သို့

ပဉ္စမအကြိမ်မြောက် Dulwich College International ၏ တက္ကသိုလ်အလည်အပတ်ခရီးစဉ်။

Dulwich College International တွင်ရှိစဉ်ကာလအတွင်း ကျွန်ုပ်တို့၏ကတိအာမခံချက်သည် အလုံးစုံသောကျောင်းသားဘဝအတွေ့အကြုံများ ပေးစွမ်းခြင်းထက်ကို သာလွန်ပါသည်။ ကျောင်းသားများအနေဖြင့်ဘဝတွင်နင်းဖြတ်ရသည့် ကျောက်တုံးများထဲမှတစ်ခုဖြစ်သည့် ဘွဲ့ကြိုတက္ကသိုလ်ဒီဂရီတစ်ခုဆီသို့သွားရာလမ်းခရီးကို လိုက်ရာတွင် အောင်မြင်မှုရစေချင်သည်။

ကျောင်းသာများ၏အသံကိုလက်ခံခြင်း နှင့် ၄င်းတို့အား ကိုယ့်အားကိုယ်ကိုးနိုင်သောဘဝများ ဖြစ်ပေါ်လာအောင် အားပေးခြင်းတို့ဖြင့် ကျွန်ုပ်တို့ကျောင်းသားများကို အစောပိုင်း အရွယ်၌ ကူညီထောက်ပံ့ပေးရမည်ကို ကျွန်ုပ်တို့အနေဖြင့် ယုံကြည်လက်ခံထားပါသည်။

Dulwich College International ကျောင်းသား၏ အောင်မြင်ရေးအစီအမံကို Year 7 တွင်စတင်ပါသည်။ ယင်းအစီအစဉ်သည် ကျောင်းသား၏ စိတ်ဓာတ်တက်ကြွရခြင်း၊ ဉာဏ်ကွန့်မြူးခြင်း၊ ၀ါသနာကြီးခြင်း နှင့် ပင်ကိုယ်အတွင်းစိတ်မှဖြစ်ပေါ်သော ရည်ရွယ်ချက်နှင့် မောင်းနှင်အားတို့သည် ဤကိစ္စအတွက် အရေးကြီးဆုံးများဖြစ်သည်။ ဤအစီအမံကို ဘာသာရပ်ဌာနများ၊ ၀န်ထမ်းများ၊ တက္ကသိုလ် အတိုင်ပင်ခံများမှနေ၍ ကျောင်းပြီးသည်အထိ ကူညီထောက်ပံ့ပေးမည်ဖြစ်သည်။

ကျောင်းသားများအား ၄င်းတို့ရွေးချယ်ခွင့်ရှိသည့် များစွာသော တက္ကသိုလ်များအထဲမှ အကောင်းဆုံးရွေးချယ်နိုင်ရန် ကျွန်ုပ်တို့၏ကျောင်းသားများအားတာဝန်ပေးအပ်သောအခါ ကိုက်ညီအသင့်တော်ဆုံး ဖြစ်နိုင်ချေရှိအောင် သတ်မှတ်ရာတွင် လိုအပ်သည့် ကျွန်ုပ်တို့အနေဖြင့် ကျောင်းသားများအားတစ်ဦးချင်း လမ်းညွှန်ပြသခြင်း နှင့် အချိန်နှင့် လုပ်ပုံလုပ်နည်းတို့အတွက် ရင်းနှီးမြှုပ်နှံရခြင်းကို အထူးဂုဏ်ယူရပါသည်။

ကျွန်ုပ်တို့၏ Dulwich College International ၏ ပဉ္စမအကြိမ်မြောက်အဖြစ် အမေရိကားသို့ တက္ကသိုလ်လေ့လာရေးခရီးစဉ်အား ကျောင်းအုပ်ဆရာကြီးများ၊ အတိုင်ပင်ခံများ နှင့် Dulwich College International ၏ ဗျူဟာကျရေးဆွဲထားသည့် အစီအမံချမှတ်ပေးသူများမှ ဦးစီးဦးဆောင်ပြုပြီး လက်ရှိ ဘွဲ့ကြိုတက္ကသိုလ် ရွေးချယ်ရာများ၊ အဓိကသင်ရိုးများ၊ ပညာရပ်ဆိုင်ရာ ဦးဆောင်လမ်းရှာဖွေခြင်း နှင့် ကျွန်ုပ်တို့ကျောင်းသားများအတွက် မနက်ဖြန်၏ ရွေးချယ်စရာများကို ပိုမိုစွဲဆောင်မှုရှိစေသည့် ယနေ့တွင် ဖြစ်ပေါ်လျက်ရှိသော သုတေသနအခွင့်အလမ်းများကို ကျောင်းသားများအား ပိုမိုနက်ရှိုင်းစွာသိနားလည်စေခဲ့ပါသည်။

          ဤခရီးစဉ်အတွင်းတွင် ကျွန်ုပ်တို့အဖွဲ့သည် Barnard College၊ Bryn Mawr College၊ Columbia University၊ George Washington University၊ Georgetown University၊ Haverford University၊ Johns Hopkins University၊ Maryland Institute College of Art၊ Villanova University၊ Rutgers University၊ Trinity College၊ University of Pennsylvania နှင့် Yale တို့သို့ သွားရောက်လည်ပတ်ခဲ့ကြပါသည်။

Dulwich College International မှအလွန် အနာဂတ်ခရီးလမ်းကို ယနေ့ကာလတွင် ကျောင်းအတွင်းတွင် ပုံဖော်ထုဆစ်နေခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ကျောင်းသားများ၏ ဘ၀ခရီးတစ်လျှောက်လုံးကို အလေးအနက်ထားပါသည်။ တဆက်တည်းမှာပင် အကြံဉာဏ်သစ်များ၊ ပူးပေါင်းသင်ယူလေ့လာခြင်းများနှင့် ဦးဆောင်လမ်းရှာဖွေလိုသောစိတ်ဓာတ်များကို တိုက်တွန်းအားပေးထားသည့် သင်ရိုးတစ်ခုတည်းဖြင့် အဓိပ္ပာယ်သတ်မှတ်မရနိုင်သော အနာဂတ်တစ်ခုကို ကျောင်းသားများအနေဖြင့် ပြင်ဆင်နိုင်အောင် ကူညီပေးလျက်ရှိပါသည်။