<p>Annabel Parker</p>

Annabel Parker

Director of Mandarin

Annabel Parker (竿誤与) သည် ကွန်ရက်တစ်ခွင်ရှိ ဆရာဆရာမ ၁၀၀ ကျော်ပါဝင်သည့် အဖွဲ့ဖြစ်သော DCI မန်ဒရင်းတရုတ်ဘာသာစကားဌာန နှင့် အနီးကပ်ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။ သူမသည် ၂၀၀၁ ခုနှစ်၌ လန်ဒန်မြို့ရှိ Kingsford Community School တွင် မန်ဒရင်းတရုတ်ဘာသာစကားကို သင်ကြားပြသရန် UK သို့ မပြောင်းရွှေ့မီ တိုင်ယန်မြို့ရှိ မူလတန်းကျောင်းတွင် လက်ထောက်ကျောင်းအုပ် အဖြစ် ဆောင်ရွက်ခဲ့ပါသည်။  ထိုကျောင်းတွင် ကမ္ဘာပေါ်ရှိသော ပထမဦးဆုံး ကွန်ဖြူးရှပ်စာသင်ခန်းများ အနက် တစ်ခန်းကို တည်ထောင်ပေးခဲ့ပြီး ယင်းကျောင်းအတွက် ဘာသာစကား သင်ကြားရေး ကောလိပ် ဂုဏ်ပုဒ်ကို ရရှိအောင် ကြိုးပမ်းခဲ့ပါသည်။ Maidstone မြို့တွင်ရှိသော New Line Learning Academy of Future Schools Trust ကျောင်း၌ ခေတ်သစ်နိုင်ငံခြားဘာသာ စကားကျောင်းအုပ်ဆရာမ တစ်ဦးဖြစ်သည့် အလျောက် Mrs Parker သည် UK တွင် အကြီးမားဆုံး မန်ဒရင်းဘာသာစကား သင်ကြားရေးဌာနတစ်ခုကို တည်ဆောက်ကာ ၂၀၀၉ ခုနှစ်၌ Hanban ကွန်ဖြူးရှပ်စာသင်ခန်း ဂုဏ်ပုဒ်အား ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်၌ ၊ UK တွင် မန်ဒရင်းဘာသာစကား သင်ကြားရေးနှင့် လေ့လာသင်ယူရေးကို စွမ်းဆောင်ပေးခဲ့နိုင်သောကြောင့် သူမသည် ထူးချွန်ခေါင်းဆောင်ဆုကို ရရှိခဲ့ပါသည်။


Previous
9/13
Next