Dr Cameron Pyke

Dr Cameron Pyke

Dulwich College လက်ထောက်ကျောင်းအုပ်ကြီး

Dulwich College International မှ ပညာရေးစံနှုန်းများ ၊ ဘက်ပေါင်းစုံ ပါဝင်သော သင်ရိုးညွန်းတမ်း နှင့်စပ်လျဉ်း၍ သူ၏မိခင်ကျောင်း ဖြစ်သော လန်ဒန်ရှိ Dulwich College မှ အပြည့်အဝ နည်းနာယူထားပါသည်။  Dulwich College ကျောင်း၏ လက်ထောက်ကျာင်းအုပ်ဆရာကြီး (ပြင်ပ) အဖြစ်ထမ်းဆောင်နေသော Dr Cameron Pyke သည် Dulwich ကျောင်းအုပ်စုတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအကြား အဓိပ္ပါယ်ရှိသော ပညာရေးကွင်းဆက်များ ပေါ်ပေါက်လာအောင် ပံ့ပိုးဆောင်ရွက်ပေးရန်နှင့် အရည်အသွေးတိုးတက်လာ စေရန် Dulwich College International ကျောင်းများကို နှစ်စဉ် လေ့လာစစ်ဆေးလျက်ရှိပါသည်။ သူသည် ယခင်က လန်ဒန်ရှိ Upper School (အထက်တန်းကျောင်း)တွင် ကျောင်းအုပ်အဖြစ် ၁၁ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအချိန်၌ College နှင့် ဒေသတွင်း လူထုတို့ ပညာရေးအရ ပူးပေါင်းဆောင်ရွက်နေခြင်းအား ကြီးကြပ်ဆောင်ရွက်လျက်ပါသည်။သူသည် Cambridge မြို့ရှိ Sidney Sussex College တွင် သမိုင်းဘာသာကို လေ့လာသင်ယူခဲ့ပြီး ယင်းဘာသာရပ်၌ စိတ်ရောကိုယ်ပါ နှစ်မြှပ်သင်ကြားသော ဆရာတစ်ဦးအဖြစ် ဆက်လက်ထမ်းဆောင်နေသည်။ Cameron ၏ ပညာရေးဆိုင်ရာ စိတ်ဝင်စားမှုများတွင် ဂီတဗေဒ လည်း ပါဝင်ပါသည်။ သူကိုယ်တိုင် ရေးသားထားသော Benjamin Britten and Russia  စာအုပ်ကို ၂၀၁၆ ခုနှစ် နွေရာသီတွင် ထုတ်ဝေခဲ့ပြီး ထို စာအုပ်သည် BBC Radio Three ကဏ္ဍတွင် သုံးသပ်ခြင်း ခံခဲ့ရပါသည်။


Previous
12/13
Next