Mrs Heather Pineda

Mrs Heather Pineda

တက္ကသိုလ်ရွေးချယ်ရေးဆိုင်ရာ အကြံပေးအဖွဲ့

Mrs Pineda သည် ကျောင်းအုပ်စုတစ်ခုလုံးအတွက် တက္ကသိုလ်အကြံပေးအဖွဲ့ များအားလုံးကို ဦးဆောင်ပေးပြီး ကျွန်ုပ်တို့၏ တက္ကသိုလ်ရွေးချယ်မှုဆိုင်ရာအကြံပေး အစီအစဉ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက် နေပါသည်။ အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားခဲ့သူ Heather Pineda သည် ပညာရေးဆိုင်ရာ အကြံပေးဆွေးနွေးမှု ဘာသာရပ်ဖြင့် Texas A&M University မှ မဟာဝိဇ္ဇာဘွဲ့ (MA) ကို ရရှိသည့် အပြင် Lamar University မှ ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုဖြင့် မဟာဝိဇ္ဇာဘွဲ့ (MA) ကိုလည်း ရရှိခဲ့ပါသည်။ Dulwich College International နှင့် ချိတ်ဆက်မလုပ်ကိုင်မီ Mrs Pineda သည် နှစ်ဘာသာ (အင်္ဂလိပ်နှင့် စပိန်ဘာသာစကား)သုံး အင်္ဂလိပ်ဘာသာစကား သင်တန်းတွင်လည်း Intermediate (အလယ်အလတ်) အဆင့်ရှိ အရွယ်ရောက်ပြီး ဖြစ်သော အတန်းသူအတန်းသားများအတွက် အငှားဆရာ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင့် သင်ကြားရေးနယ်ပယ်တွင် 

အတွေ့အကြုံများစွာ ရရှိခဲ့ပါသည်။ သူမသည် ဒုတိယဘာသာစကားအဖြစ်သင်ကြားသော အင်္ဂလိပ်စာဌာန၏ ဥက္ကဌအဖြစ်ဖြင့်လည်းကောင်း၊ Houston မြို့တော်ရှိ မြို့ဆင်ခြေဖုံးတစ်ခု၏ ခရိုင်ပညာရေးဌာန တွင် အလယ်တန်းနှင့် အထက်တန်း ပညာရေး အကြံပေးအရာရှိ အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ Mrs Pineda သည် ပညာရပ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးညီလာခံ သို့ တက်ရောက်ခြင်းအပြင် ကျောင်းဝင်းများသို့ သွားရောက်လည်ပတ်ကာ သူမ၏ စွမ်းရည်များနှင့် ဗဟုသုတများ ကို ခေတ်နှင့်ဆီလျော် လိုက်မီအောင် အမြဲ ဆောင်ရွက်လျက်ရှိပါသည်။ ကျောင်းဝင်ခွင့်အကြံပေးရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IACAC) ၏အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အလျှောက် သူမသည် အဖွဲ့အစည်းကိုယ်စား ကျောင်းဝင်ခွင့်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များအား ပညာပေးရေး ကော်မတီတွင်လည်း ပါဝင်လျက်ရှိပါသည်။ ယင်းအဖွဲ့အစည်းမှတစ်ဆင့် သူမသည် ဟောပြောပွဲများနှင့် အွန်လိုင်း ဆွေးနွေးပွဲများပြုလုပ်၍ ကမ္ဘာတစ်ဝန်းလုံးရှိ အဖွဲ့ဝင်အကြံပေး အရာရှိများနှင့် ကျောင်းဝင်ခွင့်ဆိုင်ရာအရာရှိများအား ပညာပေးရာတွင် တက်ကြွစွာပါဝင်ခဲ့ပါသည်။ ထို့အပြင် သူမသည် တက္ကဆက်ပြည်နယ် အကြံပေးအဖွဲ့အစည်း (TCA)၊ ကောလိပ်ကျောင်းဝင်ခွင့်အကြံပေးရေးဆိုင်ရာ အမျိုးသားအဖွဲ့အစည်း (NACAC) ၊ နိုင်ငံတကာကျောင်းများမှ အကြံပေးပုဂ္ဂိုလ်များအဖွဲ့အစည်း (ISCA) နှင့် နိုင်ငံတော်၏ ဘာသာစကား နှစ်မျိုးတတ်ကျွမ်းသောပညာရှင်များအဖွဲ့အစည်း (NABE) တို့တွင် အဖွဲ့ဝင်အဖြစ် ဆက်လက်လုပ်ဆောင်နေပါသည်။


Previous
10/13
Next