<p>Ms Karen Yung</p>

Ms Karen Yung

Director of Student Journey

Karen Yung သည် Dulwich College International ၏ တွဲဖက်တည်ထောင်သူ ဖြစ်ပါသည်။ သူမသည် California မြို့ရှိ Santa Clara University မှ စီးပွားရေး အထူးပြုဘွဲ့ဖြင့် ပထမဘွဲ့ကို ရရှိခဲ့ပါသည်။ Ms Yung သည် သူမ၏ Montessori Teaching Diploma ဘွဲ့အား ဗီယက်နမ်နိုင်ငံရှိ Hanoi မြို့တွင် သင်ယူ ရရှိခဲ့ပါသည်။ ထို့နောက် သူမသည် Rainbow International Pre-School ကို ကလေးငယ်များ နှင့် Hanoi မြို့၏ ဖွံ့ဖြိုးတိုးတက်လာသော စီးပွားရေးအလိုက် ပြောင်းရွှေ့နေထိုင်သော နိုင်ငံခြားသားကလေးများအတွက်ပါ ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ပါသည်။

၁၉၉၇ ခုနှစ်တွင် Ms Yung သည် Shanghai မြို့သို့ပြောင်းရွှေ့ခဲ့ပြီး American Chamber of Commerce တွင် US Consulate Liaison အနေဖြင့် ပထမဦးဆုံး အလုပ်လုပ်ခဲ့ပါသည်။ ထို့နောက် British Chamber of Commerce အတွက် Executive Director အနေဖြင့်လည်း အလုပ်လုပ်ခဲ့ပါသည်။ သို့သော်ငြားလည်း ကောင်းမွန်သော နိုင်ငံတကာကျောင်းများမရှိခြင်းသည် Karen အား သူမ၏ ကလေး၃ယောက်အတွက် စိတ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ သူမအမျိုးသားဖြစ်သောာ Fraser White နှင့်အတူ Ms Yung သည် Dulwich College London နှင့် ပူးပေါင်းခဲ့ပြီး ယခုအချိန်တွင် တရုတ်၊ မြန်မာ၊ ကိုရီးယား နှင့် စင်ကာပူနိုင်ငံတို့တွင် Dulwich College International အဖြစ် ကျောင်းခွဲများစွာ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။

Ms Yung သည် Dulwich College Shanghai Pudong ဖွင့်လှစ်ရာတွင် ကဏ္ဍအမျိုးမျိုးတွင် ပါဝင်ခဲ့ပါသည်။ သူမသည် ကန်ထရိုက်တာများနှင့် ဗိသုကာပညာရှင်များနှင့်အတူ အလုပ်များတွဲဖက် လုပ်ကိုင်ခဲ့ရသည့်အပြင် ဆရာဆရာမများ ခန့်အပ်ခြင်းနှင့် ကျောင်းအပ်လက်ခံခြင်း ဌာန နှင့် Marketing ဌာန တို့နှင့်ပါ ပူးပေါင်း၍ အလုပ်များလုပ်ခဲ့ပါသည်။ Ms Yung သည် သူမ၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ကျောင်းသားကျောင်းသူပေါင်း ၄၅၀ ယောက်နှင့် ၎င်းတို့၏ မိသားစုများကိုလည်း အကြံဥာဏ်များ ပေးခဲ့ပါသည်။ Dulwich College Shanghai နှင့် Dulwich College Suzhou တို့ ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် Ms Yung သည် ၂၀၁၇ ခုနှစ်တွင် Dulwich College International Education Team တွင် Student Journey ၏ ဒါရိုက်တာအဖြစ်မလုပ်ကိုင်ခင်တွင် အောင်မြင်နေသော တက္ကသိုလ်ရွေးချယ်ခြင်းအကြံပေးစီးပွားရေးလုပ်ငန်းကိုပါ ထူထောင်ခဲ့ကာ US၊ မြန်မာ၊ စင်ကာပူနှင့် Costa Rica တို့မှ ကျောင်းသားကျောင်းသူများကို အကြံဥာဏ်များပေးခဲ့ပါသည်။


Previous
8/13
Next