Mrs Sarah Barker-Doherty

Mrs Sarah Barker-Doherty

စက္ခုပသာဒနှင့် သုခုမအနုပညာဌာန ဒါရိုက်တာ

Sarah Barker-Doherty သည် ကျောင်းကွန်ယက်အတွင်းရှိ ကျွန်ုပ်တို့၏ စက္ခုပသာဒနှင့် သုခုမအနုပညာအစီအစဉ်များအားလုံး ဖွံ့ဖြိုးတိုးတက်အောင်  ကွပ်ကဲကြီးကြပ်လျက်ရှိပါသည်။  သူမသည် University of Northumbria မှ ဆန်းသစ်ဖန်တီးရေး သုခုမအနုပညာ ဝိဇ္ဇာဘွဲ့ (BA) ရရှိခဲ့ပြီး သူမ၏ အတွေ့အကြုံ များမှာ များပြားလှပါသည်။သူမသည် ပုဂ္ဂလိကနှင့် အစိုးရ ကျောင်းနှစ်ရပ်စလုံးတွင် မူလတန်းနှင့် အလယ်တန်းပညာအား သင်ကြားပေးရသည်ကို နှစ်သက်ပြီး အဆင့်မြင့်ဇာတ်သဘင်လောကတွင် အနုပညာဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ပညာရေးဆိုင်ရာ ညွန်ကြားရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။၎င်း၏သက်မွေးဝမ်းကျောင်းသက်တမ်းအတွင်း UK  တနှံ့တလျားသို့လည်းကောင်း၊ Alaska Theatre of Youth ရှိရာ Ancourage မြို့သို့လည်းကောင်း၊ အနုပညာ ဌာနမှူး နှင့် ပြဇာတ်ဥက္ကဌအဖြစ် ၄င်း လုပ်ဆောင်ခဲ့ရာ Aiglon College ရှိသော Switzerland သို့လည်းကောင်း သွားရောက်တာဝန်ထမ်းဆောင်ခဲ့ရပြီး ယခုတွင်မူ အာရှနိုင်ငံများ၌ တာဝန်ထမ်းဆောင်နေပါသည်။

သူမ၏ သက်မွေးဝမ်းကျောင်းသက်တမ်းအတွင်း UK  နိုင်ငံအနှံ့ သို့လည်းကောင်း၊ Alaska Theatre of Youth ရှိရာ Ancourage မြို့သို့လည်းကောင်း၊ အနုပညာဌာနမှူး နှင့် ပြဇာတ်ဥက္ကဌအဖြစ် လုပ်ဆောင်ခဲ့ရာ Aiglon College ရှိသော Switzerland သို့လည်းကောင်း သွားရောက်တာဝန်ထမ်းဆောင်ခဲ့ရပြီး ယခုတွင်မူ အာရှနိုင်ငံများ၌ တာဝန်ထမ်းဆောင်နေပါသည်။

သူမသည် Stratford  မြို့တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ယင်းမြို့တွင် ငယ်စဉ်က Royal Shakespear Company နှင့် လက်တွဲ၍ ဖျော်ဖြေတင်ဆက်ခဲ့ဖူးပါသည်။သူမသည် ယခုလက်ရှိအချိန်တွင် Dulwich College International မိသားစုကျောင်းများအားလုံးအကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများအား ချိတ်ဆက်လုပ်ကိုင်ရန်အတွက် RSC Education Department နှင့် အနီးကပ် လက်တွဲလုပ်ဆောင်နေပါသည်။


Previous
11/13
Next