Maria Jenkins

Maria Jenkins

အနုပညာခေါင်းဆောင်ဆရာမ

Dulwich College in Singapore

Dulwich College  (စင်္ကာပူ) ကိုလာရောက်ရန် သင့်အား မည်သည်တို့မှ ဆွဲဆောင်ခဲ့သနည်း။ သင့် အသက်မွေးဝမ်းကျောင်းကို တိုးတက်စေရန် အတွက် အုပ်စုအတွင်းတွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် စိတ်ဝင်စားပါသလား။

ကျွန်မသည် စင်္ကာပူတွင် အလုပ်လုပ်ရန် မလျှောက်ထားမီက Dulwich College တွင် နှစ်ပေါင်း (၂၀ )ခန့် အလုပ်လုပ်ခဲ့ပါသည်။ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်အများစုသည် လန်ဒန်မှ ထွက်သွားခြင်းသည် မိုက်မဲသည်ဟု ထင်ကြသော်လည်း ကျွန်မအတွက်မူ ဌာနသစ်တစ်ခုတွင် လုပ်ကိုင်ပြီး နိုင်ငံတကာ Dulwich College ကွန်ရက်ကြီး၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ခွင့်ရမည့် စိတ်ကူးသည် အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှပါသည်။ ကျွန်မ၏ သမီးသည် Junior School မှ Senior School ကျောင်းသို့ ပြောင်းရွှေ့ရမည့် အချိန်ဖြစ်ရာ ဤအချိန်သည် သူမပြောင်းရွှေ့ရန်အတွက် ကျိုးကြောင်းညီညွတ်သော အချိန်ကာလ ဖြစ်သည်။  Dulwich College (Singapore) ၏ တံခါးမများ ဖွင့်လှစ်ခြင်းကို မြင့်တွေ့ခဲ့ရသလို ကူညီပံ့ပိုးမှုလည်း ပြုခဲ့ရသည့်တွက် ကျွန်မသည် ကျွန်မတို့ဌာနအား အနည်းဆုံး၎င်း၏ ပထမဆုံး ဝန်ထမ်းအင်အား ပြည့်ဝသွားသည်အထိတွေ့မြင်ရန် နေထိုင်သွားမည်ဟု စီစဉ်ထားသည်။ ဤကျောင်းနှင့် ၎င်း၏ ကျောင်းသားကျောင်းသူများသည် ကျွန်မအတွက် အလွန်ထူးခြားသည်ဟု ခံစားရပါသည်။

ကျောင်းရှိ ဆရာဆရာမများကြား ဆက်ဆံရေး အခြေအနေကို သင် မည်သို့ ထင်မြင်ပါသနည်း။ သင်သည် အခြား DCI  ကျောင်းများမှ လုပ်ဖော်ကိုင်ဖက်များနှင့် မည်သို့ ပူးပေါင်းဆောင်ရွက်ပါသနည်း။

Dulwich College (Singapore)ရှိ ဝန်ထမ်းများနှင့် အလုပ်တွဲလုပ်ရသည်မှာ ကြည်နူးဖွယ်ကောင်းပါသည်။ ကျွန်မတို့ကြားတွင် ခိုင်မာသော သံယောဇဉ်တစ်ခုရှိကာ ကျောင်း၏ အဆင့်အဆင့် တိုးတက်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ခံယူထားကြောင်း သိရှိပါသည်။ ကျွန်မသည် အခြား DCI ဆရာဆရာမများနှင့်လည်း ခိုင်မာသော ဆက်သွယ်မှု ရှိပါသည်။ ကျွန်မတို့သည် DCI အနုပညာ ဆွေးနွေးပွဲများတွင် ပုံမှန်တွေ့ဆုံကြပြီး ရင်းမြစ်များကို မျှဝေပေးလိုစိတ် ရှိပါသည်။ ကျွန်မသည် အနုပညာဌာနတွင် တစ်ဦးတည်းသော ဆရာဖြစ်ရာ ဤကဲ့သို့ စိတ်ကူးများ မျှဝေပေးခြင်းသည် အလွန်အဖိုးတန်သော ပံ့ပိုးမှုရင်းမြစ်တစ်ခု ဖြစ်သည်။

သင်လုပ်ခဲ့ဖူးသော အခြားကျောင်းများနှင့် နှိုင်းယှဉ်ပါက Dulwich ကျောင်းတွင် လုပ်ကိုင်ရခြင်းသည် ကွာခြားမှု တစ်စုံတစ်ရာ ရှိသည်ဟု ထင်ပါသလား။

College in London နှင့် Dulwich College (Singapore) တို့တွင် ကွာခြားချက် များစွာပင်ရှိပါသည်။ အထူးသဖြင့် ဤကျောင်းသည် ရောနှောထားသော ကျောင်းတစ် ကျောင်းဖြစ်သည်။ သို့သော်လည်း မျှော်မှန်းချက်များနှင့် စံနှုန်းများမှာ အတူတူပင် ဖြစ်သည်။ မိဘများနှင့် ကျောင်းသားကျောင်းသူများသည် Dulwich အသိုက်အဝန်းတွင် ပါဝင်ရခြင်းကို အမှန်တကယ် တန်ဖိုးထားကြောင့် အစဉ်တစိုက် ပြသပုံမှာ တူညီပါသည်။ 

သင်သည် စင်္ကာပူတွင် နေထိုင်ရသည်ကို မည်သို့ ထင်မြင်ပါ သနည်း။

စင်္ကာပူနိုင်ငံတွင် နေထိုင်ရသည်မှာ အလွန်ကောင်းမွန်သော အတွေ့အကြုံဖြစ်သည် - အထူးသဖြင့် ကျွန်မ၏ သမီးလေးသည် လွတ်လပ်မှုအတိုင်းအတာတစ်ခုကို ခံစားနေနိုင်သည့် အချက်ကို ကျွန်မ အလွန်ကျေနပ်မိသည်။ ကျွန်မရိုးရိုးရှင်းရှင်းတွေးမိသည်မှာ ကျွန်မတို့ လန်ဒန်တွင် နေလျှင် ဤကဲ့သို့ ခံစားရရှိနိုင်မည်မဟုတ်ဟု ထင်မိပါသည်။ ကျွန်မတို့သည် အလွန်ကောင်းမွန်သော ခရီးသွား အခွင့်အရေးများ ရရှိသည်ကိုလည်း အလွန်နှစ်သက်မိသည်။ စင်္ကာပူနိုင်ငံသည် ကျွန်မတို့အား Dulwich ကွန်ရက်အတွင်းသာမက မိသားစု အားလပ်ရက်များလည်း ထွက်နိုင်စေရန် ဖန်တီးပေးပါသည်။ ကျွန်မသည် ဤကဲ့သို့ ပြောင်းရွှေ့ ခဲ့သော ဆုံးဖြတ်ချက်အား တခဏတာမျှပင် နောင်တရရှိမိခြင်း မရှိပါ။