Mary Giles

Mary Giles

Junior School ဂီတခေါင်းဆောင်

Dulwich College Suzhou

Mary Giles သည် University of Western Australia မှ ဂီတပညာရပ်တွင် ဘွဲ့(ဂုဏ်ထူးတန်း)ရရှိခဲ့သည့် စင်္ကာပူနိုင်ငံဖွား သြစတြေးလျလူမျိုးဖြစ်သည်။  သူမသည် Perth ၏ ဂုဏ်သတင်းကြီးသော ကျောင်းနှစ် ကျောင်းဖြစ်သည့် St Hilda’s Anglican School for Girls နှင့် St Stephen’s School(Duncraig & Carramar campuses) တို့တွင် ဂီတပညာကို သင်ကြားပို့ချခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ခင်ပွန်း၊ သားနှစ်ယောက်တို့နှင့်အတူ ရှန်ဟိုင်းသို့ ပြောင်းရွှေ့ခဲ့သည်။

မေရီနှင့် သူမမိသားစုသည် တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ လာခဲ့ခြင်းမှာ ၎င်းတို့သည် တရုတ်ယဉ်ကျေးမှုနှင့် ဘာသာစကားတို့ကို လေ့လာရန် အလွန်စိတ်ဝင်စား သောကြောင့်ဖြစ်သည်။

သင် Dulwich College Suzhou ကိုလာရောက်ရန် မည်သည်တို့မှ ဆွဲဆောင်ခဲ့သနည်း။

ဤကျောင်းသည် တရုတ်နိုင်ငံ၏ အလှဆုံးမြို့များအနက်မှ တစ်မြို့တွင် တည်ရှိပါသည်။
နာမည်ကျော်တရုတ်စကားပုံ တစ်ခုရှိသည်။ “အထက်မှာ ကောင်းကင်ဘုံ၊ အောက်မှာ စူးကျိုးနဲ့ ဟန်ကျိုး”  စူးကျိုးမြို့သည် နှစ်ပေါင်း ၂၅၀၀ ကျော်ရှိပြီဖြစ်သော သမိုင်းဝင်နာမည်ကျော်မြို့တစ်မြို့ဖြစ်ပြီး ၎င်း၏ ယဉ်ကျေးမှု အစဉ်အလာကြွယ်ဝမှု၊ လှပသော ဂန္တဝင် ဥယျာဉ်များနှင့် တူးမြောင်းများ စသည်တို့ကြောင့် နာမည်ကျော်ကြားပါသည်။ ယင်းမြို့ကို အရှေ့တိုင်း၏ ဗင်းနစ်မြို့ဟု သတ်မှတ်ကြသော်လည်း ၎င်းတွင်ပိုမိုရှည်လျားသော သမိုင်းကြောင်းရှိခြင်းကြောင့် ဗင်းနစ်မြို့ကိုသာ အနောက်တိုင်း၏ စူးကျိုးမြို့ဟု ခေါ်သင့်ပါသည်။ စူးကျိုးသည် Beijing Opera ၏ ရှေ့ပြေးဖြစ်သော Chinese Kunqu Opera စတင်မွေးဖွားရာအရပ်ဖြစ်သည်။

သင်ဤနေရာတွင် အချိန်အတော်ကြာကြာ ရှိမည်ဟု မျှော်လင့် ပါသလား။

ဟုတ်ပါသည်။ ကျွန်မတို့သည် စူးကျိုးမြို့တွင်နေထိုင်ရသည်ကို အမှန်ပင် နှစ်သက်ပါသည်။ နှစ်သက်ဖွယ် ပန်းခြံများ၊ ပန်းဥယျာဉ်များနှင့် ပြင်ပကမ္ဘာတွင်စွန့်စားခန်းများပြုလုပ်ရန် အခွင့်အလမ်းများစွာ ရှိပါသည့်အတွက် ၄င်းမှာ မိသားစုများနှင့် အချစ်တော်အိမ်မွေးတိရိစ္ဆာန်လေးများအတွက် ကောင်းမွန်သော နေရာတစ်ခုဖြစ်ပါသည်

သင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို တိုးတက်စေရန် အတွက် ကျောင်းကွန်ရက်အတွင်းသို့  ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် စိတ်ဝင်စားပါသလား။

သေချာပေါက် စိတ်ဝင်စားပါသည်။ ကျွန်ုပ်သည် ကျောင်းကွန်ရက်အတွင်းရှိ ကျောင်းများသို့  ပြောင်းရွှေ့လျက် တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည် ယင်းအချက်မှာ Dulwich College ကွန်ရက် မိသားစုဝင်ကျောင်းတစ်ကျောင်း၌ အလုပ်လုပ်ရခြင်း၏ ကောင်းကျိုးများအနက်မှ တစ်ရပ်ဖြစ်ပါသည်။ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်စေခြင်းအား လမ်းပေါက်ဖွင့်ပေးလျှက်ရှိပါသည်။ ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် အသက်မွေးဝမ်းကျောင်း တိုးတက်မှုတို့အတွက် အခွင့်အလမ်းများစွာ ရှိပါသည်။ ကျွန်မသည် Dulwich Shanghai ရှိ DUCKS Music ဂီတခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး ယခု Dulwich College Suzhou တွင် Junior Music ဂီတခေါင်းဆောင်ဖြစ်သည်။

ကျောင်းရှိ ဆရာဆရာမမျာအကြား ဆက်ဆံရေး ရပ်ဝန်းကို သင် မည်သို့ ထင်မြင်ပါသနည်း။ သင်သည် အခြား DCI  ကျောင်းများမှ လုပ်ဖော်ကိုင်ဖက်များနှင့် မည်သို့ ပူးပေါင်းဆောင်ရွက်ပါသနည်း။

အလုပ်လုပ်ရန် အလွန်ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ ၎င်းတို့နှင့် လုပ်ကိုင်ရသည်ကို အလွန်ပျော်ရွှင်ကျေနပ်ပါသည်။ လုပ်ဖော်ကိုင်ဖက်များသည် အလွန်ကောင်းမွန်သော မိတ်ဆွေများဖြစ်လာပြီး လူမှုရေးဆိုင်ရာ အခွင့်အလမ်းများစွာ ရှိလာခဲ့ပါသည်။ သင်ကြားရေးအတွေ့အကြုံများစွာရှိပြီး  စိတ်ထားကောင်းရှိသကဲ့သို့ ရယ်မောပျော်ရွှင်စွာနေတတ်ကြသည့်အပြင် တီထွင်ကွန့်မြူးမှုရှိသော လုပ်ဖော်ကိုင်ဖက်များနှင့် အတူတူလုပ်ကိုင်ရသည်မှာ အလွန်စိတ်သက်သာမှု ရှိစေပါသည်။

ဂီတမှပေးနိုင်သော အကြီးကျယ်ဆုံးပျော်ရွှင်မှုများအနက် တစ်ခုမှာ အခြားသူများနှင့် ပူးပေါင်းပြီး ဂီတအား ဖန်တီးနိုင်ခြင်း၊ စိတ်တူကိုယ်တူ မိတ်ဆွေများနှင့် ခိုင်မာတည်တံ့သော ဆက်ဆံရေးများ တည်ဆောက်နိုင်ခြင်းနှင့် ယုံကြည်မှုရှိရှိ ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် ပူးပေါင်းလုပ်ကိုင်ရန် သင်ယူနိုင်ခြင်း စသည်တို့ဖြစ်သည်။

ဖျော်ဖြေတင်ဆက်မှုများအတွက် အခွင့်အရေးများစွာအား အတိုင်းအတာ အမျိုးမျိုးအလိုက် ရရှိစေနိုင်ပါသည်။ ဂီတပွဲများသည် ယှဉ်ပြိုင်မှုထက် ပူးပေါင်းဆောင်ရွက်မှု ပိုများပါသည်။ အပတ်စဉ်စုဝေးပွဲများနှင့် ကျောင်းအခမ်းအနားပွဲများ( ဥပမာ- နိုင်ငံတကာနေ့၊ စတင်တည်ထောင်သူနေ့၊ ခရစ္စမတ်ဖျော်ဖြေပွဲများနှင့် ကပွဲများ)ရှိ ကျောင်းတွင်း ဖျော်ဖြေပွဲများအပြင် ကျွန်မတို့၏ ကျောင်းသားကျောင်းသူများအနေဖြင့် Dulwich ပွဲတော်များ၊ FOBISIA နှင့် ACAMIS အလုပ်ရုံဆွေးနွေးပွဲများတွင် ဖျော်ဖြေရန် ဘေကျင်း၊ ရှန်ဟိုင်း၊ ဆိုးလ်နှင့် နိုင်ငံရပ်ခြားသို့ နှစ်စဉ်သွားရောက်ကြလေ့ရှိသည်။

ကျွန်မ၏ ဝါသနာမှာ သံပြိုင်သီဆိုမှုပုံစံဂီတ ဖြစ်ပါသည်။ Dulwich တွင် အလုပ်လုပ်ရခြင်း၏ အဓိက အလေးပေးရသည့် ပွဲများအနက်မှ တစ်ချက်မှာ ကျောင်းသား ကျောင်းသူများ အား ဂီတဒါရိုက်တာ Gerald Wirth ခေါင်းဆောင်သော Vienna Boys’ Choir နှင့်အတူ တစ်နှစ်လျှင် နှစ်ပတ်ကျော်ကြာ သီချင်းသီဆိုဖျော်ဖြေရန် ပြင်ဆင်ပေးခြင်းနှင့် Vienna သို့ ခေါ်ဆောင်သွားခြင်းပင် ဖြစ်ပါသည်။ ၎င်းသည် မြောက်များလှစွာသော နှစ်စဉ်ဂီတ ဖျော်ဖြေရေးခရီးများအနက်မှ တစ်ခုဖြစ်သည်။ ၎င်းတွင် ပါဝင်ရန် (Year 2 မှ အထက်) ကျောင်းသားကျောင်းသူများ ဝင်ရောက် ရွေးချယ်ခံနိုင်ပါသည်။ အခြားအလေးပေးရမည့် ပွဲတစ်ခုမှာ ဘေဂျင်းရှိ Forbidden City တွင် Karl Jenkins နှင့်အတူ ဖျော်ဖြေတင်ဆက်ခြင်း ဖြစ်သည်။

ဂီတသည် Dulwich College International ကျောင်းများအတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။ Dulwich College Suzhou တွင် ဂီတအစီအစဉ်သည် စွမ်းဆောင်ရည်နှင့် ဖန်တီးနိုင်စွမ်းပေါ်တွင် ဗဟိုပြုထားပါသည်။ Dulwich College အမျိုးမျိုးမှ ဂီတဌာနများသည် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်မည့် အခွင့်အရေးများစွာ ရှိကြပါသည်။ အများစုမှာ မိတ်ဆွေကောင်းများ ဖြစ်လာကြပြီး အချင်းချင်း စိတ်ကူးများ မျှဝေခြင်း၊ စကားစမြည်ပြောခြင်း၊ ဆွေးနွေးခြင်း၊ ဖလှယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။

ဤကျောင်းရှိ ကျောင်းသားကျောင်းသူများ၏ ပါဝင်ပတ်သက်မှုကို မည်သို့မြင်ပါသနည်း။

ကျောင်းသားကျောင်းသူများအနေဖြင့် ပါဝင်ဆောင်ရွက်မှုများရှိပြီး ဥာဏ်ရည် ထက်မြက်ကြပါသည်။ စေ့ဆော်မှုရှိပြီး လေ့လာသင်ယူရန် စိတ်ပါဝင်စားကြပါသည်။ သင်ယူလိုစိတ်ရှိကြပါသည်။ ကျွန်မတို့ကျောင်းသားကျောင်းသူများသည် အင်္ဂလိပ်ဘာသာစကားကို မူရင်းမိခင်ဘာသာစကားအဖြစ် မပြောဆိုသော နိုင်ငံရပ်ခြားအမျိုးမျိုးမှ လာကြသောသူများ ဖြစ်ကြပါသည်။ တစ်ဦးနှင့်တစ်ဦး အတော်ပင် သည်းခံနိုင်ကြပြီး လေးစားသမှုရှိကြပါသည်။

သင်သည် ကျောင်းသားမိဘများနှင့် မည်မျှချိတ်ဆက် ဆောင်ရွက်လေ့ ရှိပါသနည်း။

ကျွန်မ၏ အိပ်မက်များမှ တစ်ခုမှာ ဂီတဖြင့် ပေါင်းကူးတံတားများ တည်ဆောက်ပေးရန် ဖြစ်သည်။  Dulwich College Suzhou တွင် ကျွန်မသည် ဝန်ထမ်းများ၊ မိဘများနှင့် လူထုအသိုက်အဝန်းမှ အဖွဲ့ဝင်များအတွက် လူထုသံပြိုင် တေးဂီတအဖွဲ့တစ်ခုကို စတင်ဖွဲ့စည်းပေးထားပါသည်။ မိဘအများစုမှ ဂီတအဖွဲ့တွင် ဝင်ရောက်ထားပြီး စူးကျိုးလူထုအသိုက်အဝန်းအတွင်း သီဆိုဖျော်ဖြေမှုပြုကြပါသည်။ ယင်းမိဘများမှာ နှစ်လိုဖွယ်ကောင်းပြီး မိမိတို့သားသမီးများ၏ ဂီတသင်ကြားမှုကို အလွန်ပံ့ပိုးပေးကြပါသည်။

သင်လုပ်ခဲ့ဖူးသော အခြားကျောင်းများနှင့် နှိုင်းယှဉ်ပါက Dulwich ကျောင်းတွင် လုပ်ကိုင်ရခြင်းသည် ကွာခြားမှု တစ်စုံတစ်ရာ ရှိသည်ဟု ထင်ပါသလား။ Dulwich သည် သင်၏ မျှော်မှန်းထားသည်နှင့် ကိုက်ညီပါသလား။

ကျွန်မသည် နိုင်ငံရပ်ခြားအတွေ့အကြုံများရရှိခြင်းကို အလွန်နှစ်သက်ပါသည်။ ဆရာမတစ်ဦးအနေဖြင့် Dulwich မိသားစုဝင်ကျောင်းတွင် အလုပ်လုပ်ရသည်မှာ အဖိုးတန်သော ဆုလာဘ်တစ်ခုပင်ဖြစ်သည်။ သင့်အနေဖြင့် ထူးခြားမှုများ ပြုလုပ်နေသည်တွင် ပါဝင်နေရသည့် ခံစားချက်မျိုး ရစေပါသည်။ ကျောင်းတွင် မြင့်မားသော စံနှုန်းများထားရှိပြီး ကျောင်းသားကျောင်းသူများ၊ ဝန်ထမ်းများနှင့် အသိုက်အဝန်းအတွက် တစ်သက်တာ သင်ယူနိုင်စေရေးကို အမြဲ သန္နိဌာန်ချ လုပ်ဆောင်လျှက်ရှိပါသည်။ ဤကဲ့သို့ တက်ကြွစွာ သင်ကြားရေး ဝန်းကျင်တစ်ခုတွင် ပါဝင်လုပ်ကိုင်ရသည့်အတွက် စိတ်ကျေနပ်စရာ ကောင်းလှပါသည်။

ကျောင်းဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများကို ပံ့ပိုးပေးနေသည့် အလွန်ကောင်းမွန်သော HR (ဝန်ထမ်းရေးရာဌာန)၊ ဘဏ္ဍာရေးဌာနနှင့် လုပ်ငန်းအကောင်အထည်ဖော်ရေး ဌာနတို့ရှိပါသည်။

သင်သည် တရုတ်နိုင်ငံတွင် နေထိုင်ရသည်ကို မည်သို့ထင်မြင်ပါသနည်း။

အလွန် စိတ်ဝင်စားဖွယ်ကောင်းပြီး ခေတ်မီတိုးတက်ပါသည်။ ဘာသာစကားနားလည်မှုမရှိလျှင် အခက်အခဲကြုံရနိုင်သည်။ ကျောင်းတွင် ဒေသခံနှင့် နိုင်ငံခြားသားဝန်ထမ်းများ ရောနေပြီး အလွန်ကူညီပေးတတ်ကြပါသည်။ ဝန်ထမ်းသစ်များ ရောက်ရှိလာသော အခါ HR ဌာနနှင့် အုပ်ချုပ်သူများသည် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကူညီတတ်ကြပါသည်။