မန်ဒရင်းဘာသာရပ်

Dulwich College International အနေဖြင့်  ၂၀၀၃ ခုနှစ်တွင် ရှန်ဟိုင်းမြို့ ၌ ၄င်း၏ ပထမ ကျောင်းခွဲအား စတင်ဖွင့်လှစ်ခဲ့သည်အချိန် မှစ၍ မန်ဒရင်းတရုတ်ဘာသာစကားမှာ သင်ရိုး၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါသည်။ ကျွန်ုပ်တို့ ကျောင်းတွင်တက်ရောက်နေသည့် ကျောင်းသားကျောင်းသူပေါင်း ၉၀ ရာခိုင်နှုန်းခန့် မှ (တက္ကသိုလ်ဝင်တန်းအဆင့် မန်ဒရင်းတရုတ်ဘာသာစကား) IB မန်ဒရင်းဘာသာရပ်၌  အမြင့်ဆုံး ရမှတ်များ ရရှိနေကြောင်း ခြေရာခံမှတ်တမ်းစံချိန်အား ကျွန်ုပ်တို့အနေဖြင့် ဂုဏ်ယူမိပါသည်။ နိုင်ငံတကာကျောင်းများရှိ မန်ဒရင်းဘာသာစကား သင်ကြားပို့ချမှုမှာ သူမတူသော စိန်ခေါ်မှုအသီးသီး ရှိနေပါသည်။ ကျွန်ုပ်တို့ဆီသို့ လာရောက်ကြသော ကျောင်းသားကျောင်းသူများမှာ ကျွမ်းကျင်ပိုင်နိုင်မှု အဆင့်အမျိုးမျိုး ရှိကြသလို ၄င်းတို့ သင်ယူလေ့လာနေသည့် သင်ခန်းစာများဖြင့် မည်သည့်အဆင့်အထိ ရောက်ရှိနိုင်မည်နည်း ဆိုသည်နှင့် စပ်လျဉ်း၍လည်း မျှော်မှန်းချက် အမျိုးမျိုး ရှိကြပါသည်။ ယင်းဘာသာစကား၏ ကဏ္ဍအားလုံးတွင် မျှတစွာ တိုးတက်ရန် ကြိုးစားနေသည့် အခြေခံအဆင့် ကျောင်းသားကျောင်းသူများမှာ အရေးနဲ့ အဖတ် အပေါ်တွင်သာ လိုအပ်သည်ထက် အချိန်ပိုများစွာ ယူနေကြရပြီး နားထောင်ခြင်းနှင့် အပြောကို ဦးစားမပေးနိုင်သည့်အတွက် နောက်ပိုင်းတွင် ပျင်းရိ ခြင်း၊ ငြီးငွေ့ခြင်းများ ဖြစ်လာတတ်ပါသည်။


မန်ဒရင်းဘာသာစကားသင်ကြားရေးဆိုင်ရာ ဒါရိုက်တာ တစ်ဦးဖြစ်သူ Annabel Parker ၏ ဦးဆောင်မှုဖြင့် အခြေခံအဆင့်မှ ကျွမ်းကျင်အဆင့်အထိ အသီးသီး ရှိသော ကျောင်းသားကျောင်းသူများအား စိန်ခေါ်မှုများ ရင်ဆိုင်စေကာ တိုးတက်မှု ရှိလာစေရန် ကျွန်ုပ်တို့ ကျောင်းရှိ မန်ဒရင်း ဘာသာစကား သင်ရိုးအား အတန်းအစားခွဲကာ ပုံဖော်ထားပါသည်။ တစ်ဖက်တွင် အရေးနှင့် အဖတ် မှန်မှန်ကန်ကန် တိုးတက်လာချိန်တွင် အပြောနှင့် နားထောင်မှု ဆိုင်ရာ တိုးတက်မှုအား မထိခိုက်အောင် ဆောင်ရွက်ပြင်ဆင်ထားပါသည်။ လမ်းပေါ်ထွက်၍ မိမိတို့ဘာသာစကား တတ်ကျွမ်းမှုအား အသုံးချနိုင်သော အခြေခံအဆင့် သင်ယူသူများအနေဖြင့် စိတ်ပါဝင်စားမှု ရှိပြီး တက်ကြွမှုလည်း ရှိနေမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ကလေးသူငယ်များအနေဖြင့် လက်တွေ့ကျသော ဘာသာစကား သုံးစွဲနိုင်မှု ရှိစေရေးနှင့် အလားအလာ ရှိသည့်အတိုင်းအတာအထိ တိုးတက်လာစေရန်ပင် ဖြစ်သည်။ ဘာသာစကား သင်ကြားမှု အတန်းအစား ၃ မျိုး ရှိပါသည်။

  • CNL - မိခင်ဘာသာစကားအဖြစ် တရုတ်စကားသင်ယူခြင်း
  • MSL - ဒုတိယ ဘာသာစကားအဖြစ် မန်ဒရင်း တရုတ်စကားအား သင်ယူခြင်း
  • MFL - နိုင်ငံခြား ဘာသာစကားအဖြစ် မန်ဒရင်း တရုတ်စကားအား သင်ယူခြင်း

ကျွန်ုပ်တို့ ၏ မန်ဒရင်းဘာသာစကား သင်ကြားရေး ဆရာ၊ဆရာမများအနေဖြင့် နှစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်သော DCI Mandarin Conference ( DCI မန်ဒါရင်း တရုတ်ဘာသာစကားဆိုင်ရာ ညီလာခံ) တွင် ပါဝင်တက်ရောက်ကြပြီး ကျွန်ုပ်တို့၏ ဦးစွာပထမဖြစ်သည့် မန်ဒရင်း ဘာသာစကားအခြေပြု သင်ရိုးအား ပုံဖော်ရေးဆွဲရာတွင်လည်း ပါဝင် လျက်ရှိကြပါသည်။ ပညာရပ်ဆိုင်ရာ သင်ယူလေ့လာရေး နှင့် အခြား သင်တန်းအစီအစဉ်များဖြင့် ကျွန်ုပ်တို့ မန်ဒရင်းဘာသာစကား သင်ကြားမှု ပုံစံအား ဆီလျော်မှု ရှိပြီး အရည်အသွေးမြင့်မားစေရန် လုပ်ဆောင်လျက်ရှိပါသည်။



တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် စင်္ကာပူ နိုင်ငံတို့ရှိ DUCKS စာသင်ကျောင်းမှ ဘာသာစကား နှစ်မျိုးသုံး သင်ယူလေ့လာရေး


တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် စကာင်္ပူနိုင်ငံတို့ရှိ ကျွန်ုပ်တို့၏ DUCKS စာသင်ကျောင်းများတွင် ဘာသာစကား နှစ်မျိုးသုံး သင်ယူလေ့လာရေးမှာ ကျွန်ုပ်တို့ ကျောင်းသားကျောင်းသူများ တိုးတက်ရေးအတွက် အခြေခံကျသော ကဏ္ဍ တစ်ရပ်ဖြစ်ပါသည်။ မူကြိုကျောင်းများ ဆိုင်ရာ လက်ထောက်ဒါရိုက်တာဖြစ်သူ Kate Beith မှ ဦးဆောင်ပြုလုပ်သော ပညာရေးသုတေသနမှတဆင့် ပျိုးထောင်ထားသော ဤ ပညာရေးအစီအစဉ်ဖြင့် ကျောင်းသူကျောင်းသူများမှာ သမာရိုးကျ အနေအထားများမှ ကွဲထွက်ပြီး အင်္ဂလိပ်ဘာသာစကားနှင့် မန်ဒရင်းတရုတ်ဘာသာစကား တို့ကို ဆက်စပ်နားလည်မှုနှင့် ထိတွေ့မှုတို့ ရှိလာမည်ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာစကား သင်ကြားပေးသည့် ဆရာ၊ ဆရာမတစ်ဦး အပြင် မန်ဒရင်း ဘာသာစကားအား အထူး အာရုံစိုက်သင်ကြားပေးသည့် ဒုတိယဆရာ တစ်ဦးကိုပါဖြည့်စွက်ထားပြီး သင်ယူလေ့လာရေး အခွင့်အလမ်းများ ကြွယ်ဝသည့် ပညာရေးဝန်းကျင်တစ်ရပ်အား ဖြည့်ဆည်းပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများအနေဖြင့် လိုက်လံတုပခြင်းမျိုးထက် မိမိပင်ကိုယ် အဓိပ္ပါယ်ဖြင့် ဘာသာစကားအား အသုံးပြုနိုင်သည့် ယုံကြည်မှုများ ရရှိလာနိုင်မည်ဖြစ်သည်။