STEAM / SE21

၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် Dulwich College International (DCI) ကျောင်းများ၌ STEAM (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာဘာသာရပ်၊ အနုပညာနှင့် သချာင်္) အစီအစဉ်အား စတင်၍  ဖော်ဆောင်မည် ဖြစ်သည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဓိပ္ပါယ်များစွာရှိသော SE21 စင်တာများကို စတင်မိတ်ဆက်ရမည်ကို ဂုဏ်ယူမိပါသည်။ Dulwich College သည် စာတိုက်သေတ္တာအမှတ် SE21 ဖြစ်သော လန်ဒန်အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး ဤနေရာရှိ DCI တွင်မူ SE21 ရှိ "S"သည် STEAM(သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာဘာသာရပ်၊ အနုပညာနှင့် သချာင်္) ဟု အဓိပ္ပါယ် ရပါသည်။  "E" သည် စီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်လိုစိတ် ဟု အနက်ရကာ ၊ "21" သည် ၂၁ ရာစု၏ အရည်အသွေးများဖြစ်သော ဖန်တီးနိုင်စွမ်း၊ ဖောက်ထွက်တွေးတောနိုင်စွမ်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း စသဖြင့် ကိုယ်စားပြု ရည်ညွှန်းပါသည်။

DCI ကျောင်းသုံးကျောင်းရှိ SE21 စင်တာများ၏ ပထမအကြိမ်အနေဖြင့် စိတ်ကူးကောင်းများ ဖော်ဆောင်ခြင်း၊ ပထမအဆင့် စက်ရုပ်နည်းပညာ၊ ကွန်ပျူတာပရိုဂရမ်ရေးသားခြင်း၊ ကွန်ပျူတာဖြင့် ဒီဇိုင်းဖန်တီးခြင်း/ထုတ်လုပ်ခြင်း၊ ဂရပ်ဖစ်ဒီဇိုင်း၊ ရုပ်ရှင်၊ ဒစ်ဂျစ်တယ်နှင့် ကွန်ပြူတာ virtual reality ရုပ်ပုံဖန်တီးမှု ပညာရပ် စသည်တို့အား လုပ်ဆောင်နိုင်ရန် နေရာများ ဖန်တီးဖြည့်ဆည်းပေးမည် ဖြစ်ပါသည်။

SE21 သည် ဆက်စပ်မှုမရှိဟု ထင်ရသော ဘာသာရပ်များ ကြားတွင် ဆက်နွယ်မှုများကို ဖန်တီးပေးနိုင်ပါလိမ့်မည်။ ကျောင်းသားကျောင်းသူများမှ စီးပွားရေးလုပ်ငန်းဆိုင်ရာ စွန့်ဦးတီထွင်မှုများ၊ လက်တွေ့လောက ပြဿနာဖြေရှင်းနည်းများ၊ အင်ဂျင်နီယာပညာရပ်၏ အခြေခံသဘောတရားများ၊ ရုပ်ရှင်ရိုက်ကူးခြင်းနှင့် ပရောဂျက်အခြေပြု သင်ကြားရေးများတွင် ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှုသည် SE21 စင်တာများအတွက် အဓိကအရေးကြီးဆုံးဖြစ်ပြီး DCI  ကွန်ရက်အတွင်းနှင့် ကျောင်းများအားလုံးအတွင်းမှ အဆင့်အားလုံး၊ အသက်အရွယ်အုပ်စုအားလုံးမှ ပူးပေါင်းဆောင်ရွက်မှုအား လုပ်ဆောင်ရပါမည်။ ကွန်ယက်ပြင်ပတွင်လည်း ယင်းသို့ ဆောင်ရွက်ရပါမည်။ အခြားကျောင်းများ၊ တက္ကသိုလ်များ နှင့် Silicon Valley ရှိ ဥပဒေ၊ ဘဏ္ဍာရေး၊ ဈေးကွက်ရှာဖွေရေး အပြင် နည်းပညာဆိုင်ရာကဏ္ဍတို့မှ ကျွမ်းကျင်သူများ နှင့်လည်း ချိတ်ဆက်ဆောင်ရွက်မှုများပြုလုပ်ရပါမည်။ ဥပမာအနေဖြင့် Dulwich College Beijing မှ ကျောင်းတွင်း လှုပ်ရှားမှု ပရောဂျက်တစ်ခုတွင် DUCKS ကျောင်းသားကျောင်းသူများသည် ဝက်ဝံရုပ်လေးများကို ဒီဇိုင်းဆွဲပါသည်။ Junior School ကျောင်းသားကျောင်းသူများမှ 3D ပရင်တာနှင့် အပ်ချုပ်စက်များအသုံးပြု၍ ထုတ်လုပ်ပါသည်။ Senior School ကျောင်းသားကျောင်းသူများမှ ရွှေ့ပြောင်းကျောင်းများအတွက် လှူဒါန်းငွေ ဖန်တီးပေးရန် ဒေသခံလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး ဈေးကွက်ရှာဖွေကြပါသည်။

SE21 ကို လက်ခံကျင့်သုံးသော အုပ်စုတွင်းမှ ပထမဆုံး ကျောင်းဖြစ်သော Dulwich College Beijing သည် GCSE ဒီဇိုင်းနည်းပညာကို ကမ္ဘာ့ပြိုင်ပွဲလေးခုဖြင့် အစားထိုးခဲ့ပါသည်။ Google Science Fair (ဂူဂဲလ် သိပ္ပံပြိုင်ပွဲ) ၊ Formula 1 in Schools  (Formula 1 ကျောင်းတွင်း နည်းပညာပြိုင်ပွဲ) ၊ Botball နှင့် Kickstarter စသည့် တို့ဖြစ်ပါသည်။ သင်ကြားရေးဆိုင်ရာ အစီအစဉ်သစ်ကြောင့် British International School of the Year 2017 (၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး ဗြိတိသျှ နိုင်ငံတကာစာသင်ကျောင်းအဖြစ်) ကမ္ဘာလုံးဆိုင်ရာဆုအား ရရှိခဲ့သော အလားတူ DCB အဖွဲ့သည် STEAM နှင့် Entrepreneurship အစီအစဉ်များအပေါ် ၎င်းတို့ကိုယ်တိုင် နှစ်မြှုပ်လုပ်ဆောင်မည်ဖြစ်ပါသည်။

ငယ်ရွယ်နုနယ်သော သင်ယူလေ့လာသူ ကျောင်းသားကျောင်းသူများအား စိတ်လှုပ်ရှားတက်ကြွမှုရှိအောင် လှုံ့ဆော်ပေးနိုင်ရန်အတွက် မိမိတို့၏ ကျောင်းသင်ရိုးများအပြင် SE21 နှင့် STEAM အစီအစဉ်များကိုပါ DCI ကျောင်းများအားလုံးတွင် ဖော်ဆောင်ပေးထားပါသည်။